ဒစ်ဂျစ်တယ် ကင်မရာများဟာ ကွန်ပျူတာများလည်း ဖြစ်ပါတယ်။ ကွန်ပျူတာများပေါ်လာပြီး နောက်ဆက်တွဲ ဖြစ်ထွန်းလာတဲ့ နည်းပညာများ ဖြစ်ပါတယ်။ Pixel ကို 1-bit လို ပြောနိုင်ပါတယ်။ Bit သည် ကွန်ပျူတာနည်းပညာမှာ အခြေခံအကျဆုံး ယူနစ်တစ်ခုပါ။ Bit တစ်ခုမှာ ကိန်းသေတန်ဖိုး သုည (ဝ) သိုမဟုတ် တစ် (၁) ရှိပါတယ်။ ၄င်းသည် ထရန်စစ္စတာမှတစ်ဆင့် လျှပ်စီးကြောင်း မစီးဝင်နိုင်ခြင်း (သင်္ကေတ-သုည) နဲ့ စီးဝင်နိုင်ခြင်း (သင်္ကေတ-တစ်) ကို အခြေခံတည်ဆောက်ထားပါတယ်။ ၄င်း 8-bit ကို one byte လို သတ်မှတ်ပါတယ်။ One byte သည် character တစ်ခု ဖြစ်ပါတယ်။ အထက်ပါ bits များကဲ့သိုပင် pixel တစ်ခုကို အရောင်တန်ဖိုးနှစ်ခုနဲ့ တည်ဆောက်ပါတယ်။ ၄င်းသည် အနက်ရောင်နဲ့ အဖြူရောင်ဆိုပါတော့။ ၄င်းကို bit map တစ်ခုလိုလည်း သုံးပါတယ်။ အရောင်တွေအတွက် 2 bits for four colors, 4 bits for sixteen colors စသည် ကိုယ်စားပြုထားကြပါတယ်။
Byte ဆိုသည်မှာ...
'Byte' ဟူသော စကားလုံးကို ဂျာမနီနိုင်ငံဖွား အမေရိကန် ကွန်ပျူတာသိပ္ပံပညာရှင် Werner Buchholz က ၁၉၅၆ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပါသည်။ ၄င်းကို bit ဟူသော စကားလုံးနှင့် မရှုပ်ထွေးစေရန်ဖြစ်၍ 'character' တစ်လုံးအဖြစ် သတ်မှတ်ပါသည်။ ၄င်းသည် 'bits' အစုအဝေးများဖြစ်ပြီး 8-bits သည် one byte ဟု အခြေခံအားဖြင့် သတ်မှတ်ပါသည်။
ယခုအခါ ကွန်ပျူတာနည်းပညာများတွင် 16-bits, 32-bits, 64-bits တိုကို သုံးနေကြပြီဖြစ်သည်။ Byte ကို တွက်ရာတွင် 'one kilobytes = 1,024 bytes, one megabytes = 1,048,576 စသည် ဖြစ်သည်။ အကြမ်းဖျင်းအားဖြင့် 'one kilobytes = 1,000 bytes' ဟု ယူကြပါသည်။
#Credit-ကွန်ပျူတာအမေးအဖြေစာအုပ်မှ ထုတ်နုတ်တင်ပြလိုက်ပါတယ်...
#Photo_Google